စာချွန်တော်အမှုများကြားနာ

နေပြည်တော် ဖေဖော်ဝါရီ  ၂၄

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊  ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊  ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်းနှင့် ဦးမျိုးဝင်း တို့ပါဝင်သည့် အပြီးသတ်ကြားနာဆုံးဖြတ်ရေးအဖွဲ့သည် ယနေ့ နံနက် (၀၉:၃၀) နာရီအချိန်၌  ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) တွင် ရုံးထိုင်ပြီး တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်)  (၅)မှုကို  စီရင်ချက် ချမှတ်သည်။ ထို့ပြင် တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်) (၇)မှုကို ရုံးထိုင်ကြားနာခဲ့ပါသည်။