နေပြည်တော်၊ မေ ၈
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါသင်းသင်းနွဲ့ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၇/၂၀၂၂ (ရခိုင်)၊ ၁၈/၂၀၂၂ (ရခိုင်)၊ ၅၄/၂၀၂၂ (မကွေး)၊ ၅၅/၂၀၂၂ (မကွေး)၊ ၁၆/၂၀၂၁ (ပဲခူး)၊ ၂၇/၂၀၂၂ (ပဲခူး)၊ ၄၄/၂၀၂၂ (ကချင်) နှင့် ၅၆/၂၀၂၂ (ဧရာဝတီ)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၈) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၄၃/၂၀၂၀ (ရန်ကုန်)၊ ၃၃/၂၀၂၂ (မန္တလေး) နှင့် ၃၆/၂၀၂၂ (မန္တလေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၃) မှုတို့ကို ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီရုံးထိုင်ကြားနာခဲ့သည်။