နေပြည်တော်၊ ဧပြီ ၆
Microsoft Office Word အသုံးပြုနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ကွန်ပျူတာသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းအောင် တက်ရောက်၍ အမှာစကားပြောကြားသည်။
ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူကို ညွှန်ကြားရေးမှူးချုပ်က ဆုချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်တန်းသား/သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ သင်တန်းကို (၆-၂-၂၀၂၃) ရက်နေ့မှစ၍ ရက်သတ္တပတ် (၈) ပတ်အကြာ ဖွင့်လှစ်သင်ကြားခဲ့သည်။