ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဝန်ထမ်းများအတွက် ၂၀၂၃ ခုနှစ် မဟာသင်္ကြန် ထောက်ပံ့ကြေးပေးအပ်

နေပြည်တော်၊ ဧပြီ ၅

ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဝန်ထမ်းများအတွက် မဟာသင်္ကြန်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ‌စုဝေးခန်းမ (အောက်ထပ်) ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းအောင်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး ထောက်ပံ့ငွေ စုစုပေါင်း ကျပ် (၂၆,၆၈၀,၀၀၀) ပေးအပ်ချီးမြှင့်ခဲ့သည်။