နေပြည်တော်၊ ဧပြီ ၃
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်သင်းသင်းနွဲ့ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၃၀/၂၀၂၂ (မန္တလေး)၊ ၄၇/၂၀၂၀ (စစ်ကိုင်း)၊ ၄၈/၂၀၂၀ (စစ်ကိုင်း) နှင့် ၄၉/၂၀၂၀ (စစ်ကိုင်း)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၁၆/၂၀၂၁ (ပဲခူး)၊ ၂၇/၂၀၂၂ (ပဲခူး)၊ ၄၄/၂၀၂၂ (ကချင်) နှင့် ၅၆/၂၀၂၂ (ဧရာဝတီ)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုတို့ကို ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီရုံးထိုင်ကြားနာခဲ့သည်။