နေပြည်တော်၊ မတ် ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၀-၃-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၂/၂၀၂၃ အရ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ စတင်အာဏာတည်သည့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက် မှစ၍ ကျင့်သုံးရမည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများနှင့် မူပိုင်ခွင့်တရားရုံးကချမှတ်သည့် စီရင်ချက်၊ အမိန့်နှင့် ဆုံးဖြတ်ချက်များအပေါ် အယူခံ၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများအပ်နှင်းသည့် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၃၅/၂၀၂၃)၊ (၂၃၆/၂၀၂၃)၊ (၂၃၇/၂၀၂၃)၊ (၂၃၈/၂၀၂၃) နှင့် (၂၃၉/၂၀၂၃) တို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ထုတ်ပြန်လိုက်သည်။