ပြည်ထောင်စုတရားသူကြီးချုပ်က ရာထူးတိုးမြှင့်အရည်အချင်းစစ်ဆေးခြင်းခံယူမည့်သူများအား တွေ့ဆုံမှာကြား

နေပြည်တော်၊ မတ် ၂၉

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် တရားရေးဝန်ထမ်းအဆင့် (၂) ရာထူးမှ တရားရေးဝန်ထမ်းအဆင့် (၁) သို့ ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် အရည်အချင်းစစ်ဆေးခြင်း ခံယူမည့်သူများအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့၊ နံနက် ၉:၃၀  နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စုဝေးခန်းမ၌ တွေ့ဆုံ၍ ဩဝါဒအမှာစကားပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဒေါ်သင်းသင်းနွဲ့နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများ စုစုပေါင်း (၂၀) ဦးနှင့် ရာထူးတိုးဖြေဆိုကြမည့် တရားရေးဝန်ထမ်းအဆင့် (၂) (၃၅) ဦး၊ Online မှ ဖြေဆိုသူ (၆) ဦး စုစုပေါင်း (၄၁) ဦးတို့ တက်ရောက်ကြသည်။