နေပြည်တော်၊ မတ် ၂၀
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးကြည်သိန်း၊ ဦးတင်ဟုန်၊ ဒေါ်သင်းသင်းနွဲ့ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၂/၂၀၂၂ (ကချင်)၊ (၁) မှုကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၁၇/၂၀၂၂ (ရခိုင်)၊ ၁၈/၂၀၂၂ (ရခိုင်)၊ ၅၄/၂၀၂၂ (မကွေး) နှင့် ၅၅/၂၀၂၂ (မကွေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုတို့ကို ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီရုံးထိုင်ကြားနာခဲ့သည်။