ပြည်ထောင်စုတရားလွှတ်တော်ချုပ် မှုခင်းစီမံခန့်ခွဲမှုကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီးများ မှုခင်းစီမံခန့်ခွဲမှုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၉

နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်တရားရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉:၀၀ နာရီတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်တရားရုံးများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဝေဖန်ဆန်းစစ်ခြင်း၊ ကြုံတွေ့ရသည့်အခက်အခဲများကိုဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခြင်း များ ပြုလုပ်ကြသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ မှုခင်းစီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်တင်နွယ်စိုးနှင့် ကော်မတီဝင်များ၊ လေ့ကျင့်သင်ကြားရေးလုပ်ငန်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ တရားရေးဦးစီးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ခရိုင်တရားရုံးများမှ ခရိုင်တရားသူကြီးများ စုစုပေါင်း (၇၀) ဦး တက်ရောက်ကြသည်။