နေပြည်တော်၊ ဖေဖော်ဝါရီ ၆
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးခင်မောင်ကြီး၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၁/၂၀၂၂ (မန္တလေး) နှင့် တရားမအထူးအယူခံမှုအမှတ် ၉/၂၀၂၂ (မန္တလေး)၊ ၁၀/၂၀၂၂ (မန္တလေး)၊ ၁၁/၂၀၂၂ (မန္တလေး)၊ ၁၂/၂၀၂၂ (မန္တလေး)၊ ၁၃/၂၀၂၂ (မန္တလေး)၊ ၁၄/၂၀၂၂ (မန္တလေး) နှင့် ၁၅/၂၀၂၂ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၇) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၂၂/၂၀၂၂ (ပဲခူး) နှင့် ၂၄/၂၀၂၂ (မန္တလေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၂) မှုတို့ကို ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။