နေပြည်တော်၊ ဇန်နဝါရီ ၂၃
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၄၈/၂၀၂၀ (စစ်ကိုင်း)၊ ၄၉/၂၀၂၀ (စစ်ကိုင်း)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၂) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၁/၂၀၂၂ (မန္တလေး) နှင့် တရားမအထူးအယူခံမှုအမှတ် ၂၈/၂၀၂၀ (ရှမ်း)၊ ၁၈/၂၀၂၁ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၂) မှုတို့ကို ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။