ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊  ဇန်နဝါရီ ၉

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော  ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၈၃/၂၀၂၂ (မွန်)၊ ၉/၂၀၂၂ (ပဲခူး)၊ ၁၀/၂၀၂၂ (ပဲခူး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၃) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ်၊ ၄၈/၂၀၂၀ (စစ်ကိုင်း)၊ ၄၉/၂၀၂၀ (စစ်ကိုင်း)၊ ၉/၂၀၂၂ (မန္တလေး)၊ ၁၀/၂၀၂၂ (မန္တလေး)၊ ၁၁/၂၀၂၂ (မန္တလေး)၊ ၁၂/၂၀၂၂ (မန္တလေး)၊ ၁၃/၂၀၂၂ (မန္တလေး)၊ ၁၄/၂၀၂၂ (မန္တလေး)၊ ၁၅/၂၀၂၂ (မန္တလေး) စုစုပေါင်း တရားမအထူးအယူခံမှု (၉) မှုတို့ကို   ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့် အညီရုံးထိုင်ကြားနာခဲ့သည်။