ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

ပြည်ထောင်စုတရားသူကြီးချုပ်    ဦးထွန်းထွန်းဦးနှင့်    ပြည်ထောင်စုတရားလွှတ်တော်ချုပ်    တရားသူကြီးများဖြစ်ကြသော    ဦးမျိုးတင့်၊   ဒေါ်ခင်မေရီ၊   ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ်၊ ၁၅/၂၀၂၁ (ရန်ကုန်)၊ ၂/၂၀၂၂ (ရန်ကုန်)၊ ၂၃/၂၀၂၂ (ရန်ကုန်)၊ ၃၁/၂၀၂၂ (ရခိုင်)၊ ၅၁/၂၀၂၀ (ဧရာဝတီ)၊ ၁၇/၂၀၂၁ (ရန်ကုန်)၊ ၃၄/၂၀၂၂ (ရှမ်း)၊ ၃၅/၂၀၂၂ (ရှမ်း)၊ စုစုပေါင်း  တရားမအထူးအယူခံမှု (၈) မှုတို့ကို စီရင်ချက်ချမှတ်သည်။  ထို့ပြင်  ရာဇဝတ်အထူးအယူခံမှုအမှတ်  ၈/၂၀၂၂ (မွန်)၊ ၉/၂၀၂၂ (ပဲခူး)၊ ၁၀/၂၀၂၂ (ပဲခူး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၃) မှုတို့ကို ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့် အညီရုံးထိုင်ကြားနာခဲ့သည်။