ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊ အောက်တိုဘာလ ၂၅

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ၊ ဦးမျိုးမောင် ၊ ဦးကြည်သိန်း ၊ ဦးတင်ဟုန် ၊ ဒေါ်ခင်မေရီ တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံအမှုအမှတ် ၅/၂၀၂၀ (မန္တလေး) ၊ ၁၀/ ၂၀၂၀ (မွန်) ၊ ၁/၂၀၂၁ (ရန်ကုန်) ၊ ၂/၂၀၂၁ (ရန်ကုန်) နှင့် ၃/၂၀၂၁ (မန္တလေး) ၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၅) မှုကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှု အမှတ် ၄/၂၀၂၀ (ဧရာဝတီ) ၊ ၅/၂၀၂၀ (ဧရာဝတီ) နှင့် ၇/၂၀၂၀ (ရန်ကုန်) ၊ စုစုပေါင်း တရားမအထူးအယူခံအမှု (၃) မှုကို ကိုဗစ် – ၁၉ ရောဂါကာကွယ် ၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။