နေပြည်တော်၊ အောက်တိုဘာ ၁၄
၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မလှိုင်မြို့နယ်တရားရုံးမှ ရုံးအုပ် ဒေါ်ခင်ဆွေဝင်း၏သားဖြစ်သူ မောင်နောနော်အောင်၊ အသက်(၁၀)နှစ်သည် အဆိုပြိုင်ပွဲ (မဟာဂီတ) အခြေခံပညာအဆင့်(အသက်(၁၀)နှစ်မှ (၁၅)နှစ်အတွင်း) ပြိုင်ပွဲ၌ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု၍ “ရွှေပစ္စုန်” ( ယိုးဒယား ) သီချင်းဖြင့် ၁၃ - ၁၀ - ၂၀၂၂ ရက်နေ့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။
ပြိုင်ပွဲဝင် မောင်နောနော်အောင်အား ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုငွေချီးမြှင့်ပေးအပ်ခဲ့ပါသည်။