နေပြည်တော်၊ စက်တင်ဘာ ၂၇
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် တရားရေးဝန်ထမ်းအဆင့် (၄) မှ တရားရေးဝန်ထမ်းအဆင့် (၃) ရာထူးသို့ ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် အရည်အချင်းစစ်ဆေးခြင်း ခံယူမည့်သူများအား ယနေ့နံနက် ၀၉:၃၀ အချိန် ပြည်ထောင်စုတရားလွှတ်တော်ချုပ် စုဝေးခန်းမတွင် တွေ့ဆုံ၍ဩဝါဒအမှာစကားပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဒေါ်သင်းသင်းနွဲ့နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြာရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ စုစုပေါင်း (၅၁) ဦးနှင့် ရာထူးတိုးဖြေဆိုမည့် တရားရေးဝန်ထမ်းအဆင့် (၄) (၇၆) ဦး၊ စုစုပေါင်း (၁၂၇) ဦးတို့တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။