ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊ စက်တင်ဘာ ၁၉

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော  ဦးကြည်သိန်း၊ ဦးတင်ဟုန်၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၂/၂၀၂၂ (မန္တလေး) နှင့် တရားမအထူးအယူခံမှုအမှတ် ၂/၂၀၂၂ (ရန်ကုန်)၊ ၁၂/၂၀၂၁ (မန္တလေး)၊ ၃/၂၀၂၂ (ရန်ကုန်) နှင့် ၆/၂၀၂၂ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၄) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၃/၂၀၂၁ (မကွေး)၊ ၁၅/၂၀၂၁ (ရန်ကုန်)၊ ၄၁/၂၀၂၀ (မွန်) နှင့် ၂၁/၂၀၂၂ (ရန်ကုန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုတို့ကို  ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။