နေပြည်တော်၊ စက်တင်ဘာ ၅
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးတင်ဟုန်၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၀/၂၀၂၀ (မန္တလေး) ကို ကြားဖြတ်အမိန့်ချမှတ်ပြီး၊ ရာဇဝတ်အထူးအယူခံမှုအမှတ် ၇/၂၀၂၂ (ရှမ်း) နှင့် တရားမအထူးအယူခံမှုအမှတ် ၂၈/၂၀၂၁ (ရန်ကုန်)၊ ၃၀/၂၀၂၁ (မကွေး)၊ ၃၂/၂၀၂၁ (မန္တလေး)၊ ၂၀/၂၀၂၂ (ရန်ကုန်)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၄) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၂/၂၀၂၂ (မန္တလေး) နှင့် တရားမအထူးအယူခံမှုအမှတ် ၂၁/၂၀၂၁ (ရှမ်း)၊ ၂၂/၂၀၂၁ (ရှမ်း)၊ ၂၃/၂၀၂၁ (ရှမ်း)၊ ၂၄/၂၀၂၁ (ရှမ်း)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၄) မှုတို့ကို ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။