နေပြည်တော်၊ ဩဂုတ် ၂၅
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာ ထမ်း၊ အမှုထမ်းများ၏ သား/သမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်အထိ အဆင့်အလိုက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိခဲ့ကြပြီး ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စုဝေးခန်းမ၌ ယနေ့နံနက် (၈:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းမိသားစုများ၊ ဆုတက်ရောက်လက်ခံယူသည့် ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြသည်။