ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊ ဩဂုတ် ၂၂

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော  ဦးအောင်ဇော်သိန်း၊ ဦးတင်ဟုန်၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၂၈/၂၀၂၀ (ရှမ်း)၊ ၄၁/၂၀၂၀ (မွန်) တို့ကို ကြားဖြတ်အမိန့်ချမှတ်ပြီး၊ ရာဇဝတ်အထူးအယူခံမှုအမှတ် ၁/၂၀၂၂ (ရခိုင်) နှင့် တရားမအထူးအယူခံမှုအမှတ် ၃၇/၂၀၂၀ (ဧရာဝတီ)၊ ၄၂/၂၀၂၀ (ရန်ကုန်)၊ ၁၉/၂၀၂၁ (ရန်ကုန်)၊ ၇/၂၀၂၁ (ရန်ကုန်)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၄) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၇/၂၀၂၂ (ရှမ်း) နှင့် တရားမအထူးအယူခံမှုအမှတ် ၂/၂၀၂၂ (ရန်ကုန်)၊ ၁၂/၂၀၂၁ (မန္တလေး)၊ ၃/၂၀၂၂ (ရန်ကုန်)၊ ၆/၂၀၂၂ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၄) မှုတို့ကို  ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။