ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တွေ့ဆုံဩဝါဒအမှာစကားပြောကြား

နေပြည်တော်၊ ဩဂုတ် ၃

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် တရားရေးဝန်ထမ်းအဆင့် (၂) မှ တရားရေးဝန်ထမ်းအဆင့် (၁) ရာထူးသို့ ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် အရည်အချင်းစစ်ဆေးခြင်းခံယူမည့်သူများအား ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့ နံနက် ၀၉:၃၀ ချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် စုဝေးခန်းမတွင် တွေ့ဆုံ၍ဩဝါဒအမှာစကားပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ရာထူးတိုးဖြေဆိုမည့် တရားရေးဝန်ထမ်းအဆင့် (၂) လက်ထောက်ညွှန်ကြားရေးမှူး / ဒုတိယခရိုင်တရားသူကြီး (၄၂) ဦးတို့တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။