နေပြည်တော်၊ ဇူလိုင် ၂၅
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၀/၂၀၂၀ (မန္တလေး)၊ ၂၈/၂၀၂၁ (ရန်ကုန်)၊ ၃၀/၂၀၂၁ (မကွေး)၊ ၃၂/၂၀၂၁ (မန္တလေး)နှင့် ၂၀/၂၀၂၂ (ရန်ကုန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။