ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊ မေ ၂၃

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော  ဦးခင်မောင်ကြီး၊ ဒေါ်ခင်မေရီ၊  ဦးသောင်းနိုင်၊ ဦးသိန်းကိုကို        တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၉/၂၀၂၀ (ရှမ်း) ၃၃/၂၀၂၁ (မကွေး)၊ ၃၄/၂၀၂၁ (မကွေး)၊ ၁/၂၀၂၂ (ဧရာဝတီ) နှင့် ၅/၂၀၂၂ (မန္တလေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှု တို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူး အယူခံမှုအမှတ် ၇/၂၀၂၁ (မန္တလေး) နှင့် တရားမအထူးအယူခံမှုအမှတ်  ၃၂/၂၀၂၁ (မန္တလေး)၊ ၁၇/၂၀၂၀ (ရန်ကုန်)၊ ၁၈/၂၀၂၀ (ရန်ကုန်) နှင့် ၇/၂၀၂၂ (မကွေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၄) တို့ကို ကိုဗစ်–၁၉ ရောဂါကာကွယ် ၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။