ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College အဆောက်အဦသစ် အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်

နေပြည်တော်၊ မေ ၁၀

ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College အဆောက်အဦသစ် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်နာယူခြင်းအခမ်းအနားကို ယနေ့ နံနက် ၆ နာရီအချိန်က အဆိုပါ အဆောက်အဦသစ်ရှိ Multi Hall ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ သာဝတ္ထိ၊ တောင်သုံးလုံးဇေတဝန်ပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဝေပုလ္လမဟာထေရ် အမှူးပြုသော သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူ‌ဆောက်တည်ခဲ့ကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်တို့က အန္တရာယ်ကင်းပရိတ်တရားတော်များကို  ရွတ်ဖတ်သရဇ္ဈယ် ချီးမြှင့်ပေးခဲ့ကြပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့  ပြည်ထောင်စုတရားသူကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ကိုကိုနိုင်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။