ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊ မေ

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော  ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊  ဦးသိန်းကိုကို တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၇/၂၀၂၁ (ရန်ကုန်) ကို ကြားဖြတ်အမိန့်ချမှတ်ပြီး၊ တရားမအထူးအယူခံမှုအမှတ် ၅၀/၂၀၂၀ (ပဲခူး) ၁/၂၀၂၁ (ရန်ကုန်)၊ ၂/၂၀၂၁ (စစ်ကိုင်း)၊ ၈/၂၀၂၁ (ရန်ကုန်)၊ ၉/၂၀၂၁ (ဧရာဝတီ)၊ ၁၀/၀၂၁ (ဧရာဝတီ)၊ ၁၁/၂၀၂၁ (မန္တလေး)၊ ၁၃/၂၀၂၁ (ဧရာဝတီ)နှင့် ၂၇/၂၀၂၁ (ရှမ်း)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၉) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၁၉/၂၀၂၀ (ရှမ်း)၊ ၃၃/၂၀၂၁ (မကွေး)၊ ၃၄/၂၀၂၁ (မကွေး)၊ ၁/၂၀၂၂ (ဧရာဝတီ) နှင့် ၅/၂၀၂၂ (မန္တလေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) တို့ကို ကိုဗစ်–၁၉ ရောဂါကာကွယ် ၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။