ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်

နေပြည်တော်၊ ဧပြီ ၁၇

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်း မိသားစုများ၏ မြန်မာနှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်းပရိတ် တရားတော်များ နာယူခြင်းအား ၁၇.၄.၂၀၂၂ ရက်နေ့ ညနေပိုင်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးပရဝဏ်အတွင်း၌ ကျင်းပရာ ဇဗ္ဗူသီရိမြို့နယ်၊ လမ်းသပြေကုန်းကျောင်းတိုက်ဆရာတော် ဦးတေဇဝန္တအမှူးပြုသော သံဃာတော်များထံမှ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး၊ အမြဲတမ်း အတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများက ငါးပါးသီလခံယူဆောက်တည်ပြီး လှူဖွယ်ဝတ္တူပစ္စည်းများ ဆက်ကပ် လှူဒါန်း ကြကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် ပင့်သံဃာတော်အရှင်သူမြတ်တို့မှ ရုံးပရဝဏ်အဆောက်အဦအတွင်း လှည့်လည်၍ အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈယ် ချီးမြှင့်ပေးခဲ့သည်။