နေပြည်တော်၊ ဧပြီ ၇
ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဝန်ထမ်းများအတွက် မဟာသင်္ကြန်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး ထောက်ပံ့ငွေ စုစုပေါင်း ကျပ် (၂၅၀၇၀၀၀၀) ပေးအပ်ချီးမြှင့်ခဲ့သည်။