နေပြည်တော်၊ ဧပြီ ၆
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူများလိုက်ပါလျှက် ယနေ့ နံနက်ပိုင်းတွင် Judicial College၊ ဥတ္တရခရိုင်တရားရုံးနှင့် ဇေယျာသီရိမြို့နယ်တရားရုံး တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ သွားရောက်ရာ တည်ဆောက်ရေး လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများက ခရီးဦးကြိုဆိုခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လှည့်လည်ကြည့်ရှု့စစ်ဆေးကာ ရှင်းလင်းတင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။