နေပြည်တော်၊ ဧပြီ ၄
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၉/၂၀၂၀ (ရှမ်း)၊ ၃၈/၂၀၂၀ (တနင်္သာရီ)၊ ၄၅/၂၀၂၀ (ကရင်)၊ ၄၆/၂၀၂၀ (တနင်္သာရီ)၊ ၆/၂၀၂၁ (ရန်ကုန်)၊ ၁၄/၂၀၂၁ (မန္တလေး) နှင့် ၂၉/၂၀၂၁ (ရန်ကုန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၇) မှု တို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးယူခံမှုအမှတ် ၇/၂၀၂၁ (ရန်ကုန်)၊ ၅၀/၂၀၂၀ (ပဲခူး)၊ ၁/၂၀၂၁ (ရန်ကုန်)၊ ၂/၂၀၂၁ (စစ်ကိုင်း) နှင့် ၈/၂၀၂၁ (ရန်ကုန်)၊ စုစုပေါင်း တရားမ အထူးအယူခံမှု (၅) မှုတို့ကို ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ ရုံးထိုင်ကြားနာခဲ့သည်။