နေပြည်တော်၊ မတ် ၇
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးမျိုးတင့်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၂၉/၂၀၂၀ (စစ်ကိုင်း)၊ ၃၁/၂၀၂၀ (ရခိုင်)၊ ၃၆/၂၀၂၀ (မန္တလေး)၊ ၃၉/၂၀၂၀ (စစ်ကိုင်း) နှင့် ၄၄/၂၀၂၀ (ရန်ကုန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၈/၂၀၂၁ (ပဲခူး) နှင့် ၉/၂၀၂၁ (မန္တလေး)၊ တရားမအထူး အယူခံမှုအမှတ် ၆/၂၀၂၁ (ရန်ကုန်)၊ ၁၄/၂၀၂၁ (မန္တလေး) နှင့် ၂၉/၂၀၂၁ (ရန်ကုန်)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂) မှုနှင့် တရားမအထူးအယူခံမှု (၃) မှုတို့ကို ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။