နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန် တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၃၂/၂၀၂၀ (ရန်ကုန်)၊ ၃၃/၂၀၂၀ (မန္တလေး)၊ ၃၄/၂၀၂၀ (မန္တလေး) နှင့် ၄၀/၂၀၂၀ (မကွေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှု တို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးယူခံမှုအမှတ် ၁၉/၂၀၂၀ (ရှမ်း)၊ ၃၈/၂၀၂၀ (တနင်္သာရီ)၊ ၄၅/၂၀၂၀ (ကရင်) နှင့် ၄၆/၂၀၂၀ (တနင်္သာရီ)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုတို့ကို ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။