ပြည်‌ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၏ (၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆက်လက်ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

(၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နှင့် (၁၉) ရက်နေ့များတွင် Video Conferencing စနစ်ဖြင့် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး / ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများက တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးမျိုးမောင်၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီတို့မှ လိုအပ်သည်များ လမ်းညွှန်မှာကြားဆွေးနွေးခဲ့ပြီး ပြည်ထောင်စုတရားသူကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးအား ညနေပိုင်းတွင် အောင်မြင်စွာရုတ်သိမ်းခဲ့သည်။