နေပြည်တော်၊ဖေဖော်ဝါရီ ၇
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၄/၂၀၂၁ (တနင်္သာရီ)၊ တရားမအထူးအယူခံမှုအမှတ် ၉၈/၂၀၁၉ (စစ်ကိုင်း)၊ ၂၅/၂၀၂၀ (ရှမ်း)၊ ၂၆/၂၀၂၀(ရှမ်း)၊ ၂၇/၂၀၂၀ (ရန်ကုန်) နှင့် ၃၀/၂၀၂၀ (ရန်ကုန်)၊ စုစုပေါင်း ရာဇဝတ် အထူးအယူခံမှု (၁) မှု နှင့် တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမအထူးယူခံမှုအမှတ် ၂၉/၂၀၂၀ (စစ်ကိုင်း)၊ ၃၁/၂၀၂၀ (ရခိုင်)၊ ၃၆/၂၀၂၀ (မန္တလေး)၊ ၃၉/၂၀၂၀ (စစ်ကိုင်း) နှင့် ၄၄/၂၀၂၀ (ရန်ကုန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှု တို့ကို ကိုဗစ်–၁၉ ရောဂါကာကွယ် ၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။