နေပြည်တော် ဇန်နဝါရီ ၂၀
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမြင့်အောင်နှင့် ဦးခင်မောင်ကြည် တို့ပါဝင်သည့် အပြီးသတ်ကြားနာဆုံးဖြတ်ရေးအဖွဲ့သည် ယနေ့ နံနက် (၀၉:၃၀) နာရီအချိန်၌ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) တွင် ရုံးထိုင်ပြီး တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်) (၅)မှုကို စီရင်ချက် ချမှတ်သည်။ ထို့ပြင် တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်) (၅)မှုကို ရုံးထိုင်ကြားနာခဲ့ပါသည်။