ဆဌမအကြိမ် Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ် ပေးအပ်သည့် အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ဇန်နဝါရီ ၃၁  

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် ( ၄ ) တွင် ဆဌမအကြိမ် Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် (၈:၀၀) နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး   ဦးကြည်သိန်း   က အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်လိုကြောင်း လိုအပ်ချက်များ ပြည့်စုံစွာဖြင့် လျှောက်ထားသူ အထက်တန်းရှေ့နေ ( ၁၉၅ ) ဦးကို တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ပါသည်။ ထို့နောက် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ရရှိသူများက ကတိသစ္စာပြုကြသည်။

အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (တရားစီရင်ရေး)၊ ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်‌ထောက်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။