ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊ ဇန်နဝါရီ ၂၄

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော  ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ဒေါ်ခင်မေရီ တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၄/၂၀၂၀ (မကွေး)၊ ၁၆/၂၀၂၀ (မန္တလေး) ၂၀/၂၀၂၀ (မန္တလေး)၊ ၂၁/၂၀၂၀ (မွန်) နှင့် ၂၃/၂၀၂၀ (ရှမ်း)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးယူခံမှုအမှတ် ၄/၂၀၂၁ (တနင်္သာရီ) တရားမအထူးအယူခံမှုအမှတ် ၃၂/၂၀၂၀ (ရန်ကုန်)၊ ၃၃/၂၀၂၀ (မန္တလေး)၊ ၃၄/၂၀၂၀ (မန္တလေး) နှင့် ၄၀/၂၀၂၀ (မကွေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှု နှင့် တရားမအထူးအယူခံမှု (၄) မှု တို့ကို ကိုဗစ်–၁၉ ရောဂါကာကွယ် ၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။