နေပြည်တော် ဇန်နဝါရီ ၁၃
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ အားလုံးပါဝင်သော စုံညီခုံရုံးသည် ယနေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှု (၄) မှုနှင့် တရားမအထူးအယူခံမှု (၂) မှုတို့ကို စီရင်ချက် ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှု (၅) မှုကို ရုံးထိုင်ကြားနာ ခဲ့ကြပါသည်။