နေပြည်တော်၊ ဒီဇင်ဘာ ၂၀
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၅/၂၀၂၁ (မွန်)၊ ၆/၂၀၂၀ (တနင်္သာရီ)၊ တရားမအထူးအယူခံမှုအမှတ် ၈၉/၂၀၁၉ (မွန်)၊ ၉၆/၂၀၁၉ (မန္တလေး)၊ ၉၇/၂၀၁၉ (မန္တလေး)၊ ၈/၂၀၂၀ (ရန်ကုန်) နှင့် ၁၁/၂၀၂၀ (မကွေး) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂) မှု နှင့် တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးယူခံမှုအမှတ် ၁၄/၂၀၂၀ (မကွေး)၊ ၁၆/၂၀၂၀ (မန္တလေး)၊ ၂၀/၂၀၂၀ (မန္တလေး)၊ ၂၁/၂၀၂၀ (မွန်) နှင့် ၂၃/၂၀၂၀ (ရှမ်း)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှု တို့ကို ကိုဗစ်–၁၉ ရောဂါကာကွယ် ၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။