နေပြည်တော်၊ ဒီဇင်ဘာ ၆
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဦးကြည်သိန်း၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၃/၂၀၂၀ (မန္တလေး)၊ ၆/၂၀၂၀ (မန္တလေး)၊ ၉/၂၀၂၀ (ကရင်) နှင့် ၁၂/၂၀၂၀ (ရန်ကုန်) ၊ စုစုပေါင်း တရားမ အထူးအယူခံမှု (၄) မှု ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးယူခံမှု အမှတ် ၅/၂၀၂၁ (မွန်) နှင့် ၆/၂၀၂၁ (တနင်္သာရီ)၊ တရားမအထူးယူခံမှုအမှတ် ၁၃ / ၂၀၂၀ (ဧရာဝတီ)၊ ၂၂/၂၀၂၀ (ရန်ကုန်) နှင့် ၂၄ /၂၀၂၀ (ပဲခူး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂) မှု နှင့် တရားမအထူးအယူခံမှု (၃) မှု ကို ကိုဗစ်–၁၉ ရောဂါကာကွယ် ၊ ထိန်းချုပ်ရေး ညွှန်ကြားချက် များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။