တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနား

နေပြည်တော်   ဇန်နဝါရီ   ၈

တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် ၂ တွင် ယနေ့ နံနက် (၀၈:၃၀) အချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်နှင့် တရားသူကြီး ဦးခင်မောင်ကြည်တို့က အထက်တန်းရှေ့နေ (၉၂)ဦးတို့အား တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် လက်ခံယူပြီးသူများက ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများရှေ့မှောက်တွင် ကတိသစ္စာ ပြုခဲ့ကြပါသည်။