သီတင်းကျွတ်ကာလ ဂါရဝပြုကန်တော့ပွဲ ကျင်းပ

နေပြည်တော်၊ အောက်တိုဘာလ ၁၂

ပြည်ထောင်စုတရားလွှတ်တော်ချုပ်မိသားစုဝင်များ၏ သီတင်းကျွတ်ကာလ ဂါရဝပြု ကန်တော့ပွဲ အခမ်းအနားကို ယနေ့ နေ့လည် ၁၅:၀၀ အချိန်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး စုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သီတင်းကျွတ်ကာလ ဂါရဝပြုကန်တော့ပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ တက်ရောက်၍ ဂါရဝပြု ကန်တော့ခံခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်က မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အညီ အကြီးအကဲများအား ဝါကျွတ်ကာလ ဂါရဝပြုခြင်းအတွက် မင်္ဂလာ ဩဝါဒစကားများ ပြောကြားခဲ့ပြီး ဝန်ထမ်းမိသားစုများအား သီတင်းကျွတ် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။