နေပြည်တော်၊ အောက်တိုဘာ ၁၁
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိူးတင့် ၊ ဦးမျိုးမောင် ၊ ဦးခင်မောင်ကြီး ၊ ဒေါ်ခင်မေရီ တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံအမှုအမှတ် ၁၀၀/၂၀၁၉ (တနင်္သာရီ) ၊ ၁၀၁/ ၂၀၁၉ (မန္တလေး) ၊ ၁၀၂/၂၀၁၉ (မန္တလေး) နှင့် ၊ ၁၀၄/၂၀၁၉ (ရန်ကုန်) စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် ရာဇဝတ်အထူးအယူခံမှု အမှတ် ၅/၂၀၂၀ (မန္တလေး) ၊ ၉/၂၀၂၀ (ကချင်)၊ ၁၀/၂၀၂၀ (မွန်) ၊ ၁/၂၀၂၁ (ရန်ကုန်) ၊ ၂/၂၀၂၁ (ရန်ကုန်) နှင့် ၃/၂၀၂၁ (မန္တလေး) ၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံအမှု (၆) မှုကို ကိုဗစ် – ၁၉ ရောဂါကာကွယ် ၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။