ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးမောင်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးမောင်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ ယခင်က ၂၀၀၉ ခုနှစ်တွင် စစ်ကိုင်းတိုင်းတရားရုံး၌ တိုင်းတရားသူကြီး အဖြစ်လည်းကောင်း၊ ၂၀၁၁ ခုနှစ်၊ မတ်လတွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၌ တရားလွှတ်တော်တရားသူကြီးအဖြစ်လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၌  တရားသူကြီးချုပ်အဖြစ်လည်းကောင်း ခန့်အပ် ခြင်းခံရပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးမောင်ကို ၁၉၅၇ တွင် မွေးဖွား ခဲ့ပါသည်။ ၁၉၈၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။ ၁၉၈၄ ခုနှစ်တွင် တရားရေးဌာနသို့ တရားရေးဝန်ထမ်းအဆင့် (၄) အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်း တရားရုံး၊ တိုင်းတရားသူကြီးရာထူးအထိ ၂၅ နှစ်ကျော် တရားစီရင်ရေးအဆင့်ဆင့်တွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဦးမျိုးမောင်သည် အိမ်ထောင်ရှင်တစ်ဦး ဖြစ်ပါသည်။