ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်ကို ၂၀၁၇ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှစ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်ကို ၁၉၅၆ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၁၉၈၀ ခုနှစ်တွင် ရန်ကုန်၀ိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ စာပေးစာယူဖြင့် ဥပဒေဘွဲ့ (LL.B) ရရှိခဲ့ပါသည်။ ၁၉၈၃ ခုနှစ်တွင် တရားရေးဌာနသို့ တရားရေး၀န်ထမ်းအဆင့် (၄) ဖြင့် စတင်၀င်ရောက်ခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ညွှန်ကြားရေးမှူးချုပ် (နေပြည်တော်)  ရာထူးအထိ ၃၄ နှစ်ကျော် တရားစီရင်ရေးအဆင့်ဆင့်တွင် တရားသူကြီးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပါသည်။ ဦးမျိုးတင့်သည် အိမ်ထောင်ရှင်တစ်ဦး ဖြစ်ပါသည်။