ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်ခင်မေရီ

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်ခင်မေရီကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှစ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်ခင်မေရီကို ၁၉၆၀ ပြည့်နှစ်တွင် မွေးဖွားခဲ့ပါသည်။ ၁၉၈၂ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိပါသည်။ ၁၉၈၄ ခုနှစ်တွင် တရားရေးဝန်ထမ်းအဆင့် (၄) အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ တရားသူကြီး သို့မဟုတ် တရားရေးအရာရှိအဖြစ် ရာထူးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင် ခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်ရာထူးအထိ ၃၅ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်ခင်မေရီသည် အိမ်ထောင်မရှိသူတစ်ဦးဖြစ်ပါ သည်။