ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးခင်မောင်ကြီးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှစ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ ယခင်က ၂၀၀၁ ခုနှစ်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် (နေပြည်တော်) ၌ တွဲဖက်ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၁ ခုနှစ်၊ မတ်လတွင် မွန်ပြည်နယ်တရားလွှတ်တော်၌ တရားသူကြီးချုပ်အဖြစ်လည်းကောင်း ခန့်အပ်ခြင်းခံရပါ သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးခင်မောင်ကြီးကို ၁၉၅၆ တွင် မွေးဖွား ခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကိုလည်းကောင်း၊ ၂၀၀၅ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ကိုလည်း ကောင်း ရရှိခဲ့ပါသည်။ ထို့အတူ ရန်ကုန်တက္ကသိုလ်၊ ဘွဲ့လွန်သင်တန်းများဖြစ်ကြသော စီးပွားရေးဆိုင်ရာဥပဒေဒီပလိုမာဘွဲ့၊ အပြည်ပြည်ဆိုင်ရာဥပဒေဒီပလိုမာဘွဲ့၊ နိုင်ငံတကာ ဆက်ဆံရေးပညာ ဒီပလိုမာဘွဲ့လက်မှတ်တို့ကို ရရှိခဲ့ပါသည်။
တရားရေးဌာနသို့ တရားရေးဝန်ထမ်းအဆင့် (၁) အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် (နေပြည်တော်)၊ တွဲဖက်ညွှန်ကြားရေးမှူးရာထူးအထိ ၁၃ နှစ်ကျော် တရားစီရင်ရေးအဆင့်ဆင့်တွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါ သည်။ စစ်ဥပဒေချုပ်ရုံးတွင် ဒုတိယလက်ထောက်စစ်ဥပဒေချုပ်ရာထူးအထိ ၉ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဦးခင်မောင်ကြီးသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပါသည်။