ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးကြည်သိန်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးကြည်သိန်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ ယခင်က ၂၀၀၈ ခုနှစ်တွင် မန္တလေးတိုင်းတရားရုံး၌ တွဲဖက်တိုင်းတရား သူကြီးအဖြစ်လည်းကောင်း၊ ၂၀၁၁ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၌ တရားလွှတ်တော်တရားသူကြီးအဖြစ်လည်းကောင်း၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၌  တရားသူကြီးချုပ်အဖြစ်လည်းကောင်း ခန့်အပ် ခြင်းခံရပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးကြည်သိန်းကို ၁၉၅၉ တွင် မွေးဖွားခဲ့ပါသည်။ ၁၉၈၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။ ၁၉၈၄ ခုနှစ်တွင် တရားရေးဌာနသို့ တရားရေးဝန်ထမ်းအဆင့် (၄) အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး မန္တလေးတိုင်းတရားရုံး၊ တွဲဖက်တိုင်းတရားသူကြီးရာထူးအထိ ၂၆ နှစ်ကျော် တရားစီရင်ရေး အဆင့်ဆင့်တွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဦးကြည်သိန်းသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပါသည်။