ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး

ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှစ၍ ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါသည်။ ဦးသာဌေးသည် ၂၀၁၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးခံခဲ့ရပါသည်။

ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးကို ၁၉၅၈ ခုနှစ်တွင်မွေးဖွားခဲ့ပါသည်။ ၁၉၈၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ စာပေးစာယူသင်တန်းဖြင့် ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။ စစ်ဥပဒေချုပ်ရုံးတွင် လက်ထောက်စစ်ဥပဒေချုပ်ရာထူးအထိ ၂၄ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဦးသာဌေးသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပါသည်။