နေပြည်တော်၊ မေ ၅
အလုပ်သင်ကင်းလွတ်ခွင့်ဖြင့် မင်နီမှတ်ချက်ပြုအထက်တန်းရှေ့နေသို့ထုတ်ပေးသည့်တာဝန်ခံလက်မှတ်ထုတ်ပေးရန် ခွင့်ပြုချက်ရရှိပြီးသူ (၁၇) ဦးနှင့် အထက်တန်းရှေ့နေ လျှောက်ထားသော လျှောက်လွှာပြည့်စုံသူ အလုပ်သင်ရှေ့နေ (၁၀၅) ဦး၊ စုစုပေါင်း(၁၂၂)ဦး တို့သည် ၂၀၂၆ခုနှစ်၊ မေလ ၂၆ ရက်နေ့ တွင် ပြုလုပ်မည့် အထက်တန်းရှေ့နေသို့ ထုတ်ပေးသည့်တာဝန်ခံလက်မှတ် ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရမည်ဖြစ်ပါသည်။
(၂၆-၅-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိသူ (၁၂၂) ဦးသည် (၂၅-၅-၂၀၂၆) ရက်နေ့တွင် ပြုလုပ်မည့် “ရှေ့နေကျင့်ဝတ်သိက္ခာ နှင့် AML/CFT ဆိုင်ရာအသိပညာပေးသင်တန်း” နှင့် လက်မှတ်ပေးအပ်ပွဲအတွက် အစမ်းလေ့ကျင့်ခြင်းကို လည်းကောင်း၊ (၂၆-၅-၂၀၂၆) ရက်နေ့တွင် အထက်တန်းရှေ့နေသို့ ထုတ်ပေးသည့်တာဝန်ခံလက်မှတ်ပေးအပ်ပွဲကိုလည်းကောင်း တက်ရောက်ရမည် ဖြစ်ပါသည်။ အခမ်းအနားတက်ရောက်ခွင့်ရရှိသူများသည် သတ်မှတ်စည်းကမ်းများ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။
လိုက်နာရမည့်စည်းကမ်းနှင့်အမည်စာရင်း