အထက်တန်းရှေ့နေလိုင်စင် လာရောက်ထုတ်ယူနိုင်ကြောင်း ကြေညာချက်

နေပြည်တော်၊ ဧပြီ   

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း ရှေ့နေအလုပ်သင်ကင်းလွတ်ခွင့်ဖြင့် အထက်တန်းရှေ့နေ (မင်နီမှတ်ချက်) စာရင်းတင်သွင်းခွင့်ပြုပါရန် လျှောက်ထားသည့် ဥပဒေအရာရှိ (၃) ဦး နှင့် အထက်တန်းရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုပါရန် လျှောက်ထားရာတွင် လျှောက်လွှာ ပြည့်စုံသူ (၇၆) ဦး၊ စုစုပေါင်း (၇၉) ဦးတို့သည် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ရှေ့နေရှေ့ရပ်နှင့် စစ်ဆေးရေးဌာနရှေ့နေရှေ့ရပ်ဌာနခွဲ၏ အမှုလက်ခံဌာန (Intake Counter) တွင် ကြေညာသည့်နေ့မှစ၍ (၂)လအတွင်း အထက်တန်းရှေ့နေလိုင်စင် လာရောက်ထုတ်ယူနိုင် ကြောင်း ကြေညာအပ်ပါသည်။

Download